Thursday, 11 July 2019

ဘ၀ကိုလား...
ဒုက္ခဆိုတဲ့ မီးနဲ့အပူ​ပေး
အသိတရားဆိုတဲ့မီးညှပ်​နဲ့ကိုင်
ခါးသီးမှုဆိုတဲ့တွင်​ခုံ​ပေါ်တင်​ပြီး
ဦး​နှောက်​ဆိုတဲ့တူနဲ့ တစ်​ချက်​ချင်းထုပြီး
ပုံ​ဖော်​ရတာမျိုးပါ...
#EvEr2SmiLe

Saturday, 25 April 2015

အခရာ

အောင်မြင်တဲ့လူတိုင်းမှာ
ဝါကြွားစရာ အတိတ်ဆိုတာ ရှိတယ်...
ရှုံးနိမ့်တဲ့လူတိုင်းမှာ
မျှော်လင့်စရာ အနာဂါတ်ရှိတယ်...

မင်းမှာ ဘာရှိနေပြီလဲ
သူငယ်ချင်း...
အတိတ်လား အနာဂါတ်လား...
ဘာပဲရှိရှိ သေချာတာကတော့
မင်းရဲ့အမြဲတမ်း
ကြိုးစားနေမှုက အခရာပဲ...

#EvEr2SmiLe

သတ္တိ

မင်းမပိုင်ခဲ့ဖူးတာ
ပိုင်ဆိုင်ချင်ရင်တော့
မင်းမလုပ်ခဲ့ဖူးတာ
လုပ်ရဲတဲ့ သတ္တိတော့ရှိဖို့လိုတယ်...

မရောက်ဖူးတဲ့နေရာ
ရောက်ဖူးချင်ရင်တော့
မလျှောက်ဖူးတဲ့လမ်း
လျှောက်ဖို့လိုမယ်...

မရဖူးတဲ့အောင်မြင်မှုကို
လိုချင်ရင်တော့
အရင်ကနဲ့မတူတဲ့
ကြိုးစားအားထုတ်မှုတော့လိုတယ်
သူငယ်ချင်း...

#EvEr2SmiLe

ဟန်​​ဆောင်​မှု

တောင်းပန်တယ်ဆိုတိုင်းလည်း
တကယ်ဝမ်းနည်းလို့မဟုတ်သလို
"ရပါတယ်" ဆိုတိုင်းလည်း
ခွင့်လွှတ်တာ မဟုတ်ဘူး...

တောင်းပန်တယ်ဆိုတာ
စိတ်ရင်းက လာဖို့လိုအပ်သလို
ခွင့်လွှတ်တယ်ဆိုတာလည်း
မေ့ပျောက်နိုင်ဖို့လိုတယ်...

#EvEr2SmiLe

:-)

အားပေးစကားတိုင်းက
အားမဖြစ်စေနိုင်သလို
ဘေးမှာရှိတိုင်းလည်း
နှစ်သိမ့်မှုမရစေနိုင်ပါဘူး...

တစ်ယောက်ချင်းစီမှာ
မတူကွဲပြားတဲ့ခံယူချက်နဲ့
တစ်ထပ်တည်းမကျနိုင်တဲ့
အမြင်တွေကြောင့်
ကို့အတွက်မှန်တဲ့အမြင်တွေ
ကို့အတွက်သာရှိစေတော့လေ
မင်းအတွက်မှန်မယ့် ခံယူချက်တွေ
မင်းရှာဖွေတွေ့ပါစေလေ
သူငယ်ချင်း...

အမည်မဖော်လိုတဲ့
မင်းရဲ့ သူငယ်ချင်း
#EvEr2SmiLe

:D :P

ဒီလို

တစ်ချို့ကိစ္စတွေမှာ
ဒီလိုနေမှရတယ်...

တွေ့ရင်တောင် မမြင်သလို
မြင်ရင်တောင် မသိသလို
သိရင်တောင် မပတ်သက်သလို
ပတ်သက်ရင်တောင် မဆိုင်သလို
ဆိုင်ရင်တောင် မပိုင်သလို
ငါ....
နေတော့မယ်...

#EvEr2SmiLe

တံခါး

ဒေါက် ဒေါက် ဒေါက်

"ဘယ်သူလဲ"

"အချစ်"

"နေရာမရှိဘူး၊ တံခါးပိတ် သော့လည်းခတ်ထားတယ်"

"အထဲရောက်နေတာကြာပြီ အခုမှ သိရအောင်လို့ အသိပေးတာပါ"

"အချစ်" ဆိုတာအတွက်
နေရာဆိုတာ ဦးထားလို့မရသလို
သော့ခတ်ထားလို့လည်း
မရပါဘူး...

#EvEr2SmiLe