Saturday, 25 April 2015

အခရာ

အောင်မြင်တဲ့လူတိုင်းမှာ
ဝါကြွားစရာ အတိတ်ဆိုတာ ရှိတယ်...
ရှုံးနိမ့်တဲ့လူတိုင်းမှာ
မျှော်လင့်စရာ အနာဂါတ်ရှိတယ်...

မင်းမှာ ဘာရှိနေပြီလဲ
သူငယ်ချင်း...
အတိတ်လား အနာဂါတ်လား...
ဘာပဲရှိရှိ သေချာတာကတော့
မင်းရဲ့အမြဲတမ်း
ကြိုးစားနေမှုက အခရာပဲ...

#EvEr2SmiLe

သတ္တိ

မင်းမပိုင်ခဲ့ဖူးတာ
ပိုင်ဆိုင်ချင်ရင်တော့
မင်းမလုပ်ခဲ့ဖူးတာ
လုပ်ရဲတဲ့ သတ္တိတော့ရှိဖို့လိုတယ်...

မရောက်ဖူးတဲ့နေရာ
ရောက်ဖူးချင်ရင်တော့
မလျှောက်ဖူးတဲ့လမ်း
လျှောက်ဖို့လိုမယ်...

မရဖူးတဲ့အောင်မြင်မှုကို
လိုချင်ရင်တော့
အရင်ကနဲ့မတူတဲ့
ကြိုးစားအားထုတ်မှုတော့လိုတယ်
သူငယ်ချင်း...

#EvEr2SmiLe

ဟန်​​ဆောင်​မှု

တောင်းပန်တယ်ဆိုတိုင်းလည်း
တကယ်ဝမ်းနည်းလို့မဟုတ်သလို
"ရပါတယ်" ဆိုတိုင်းလည်း
ခွင့်လွှတ်တာ မဟုတ်ဘူး...

တောင်းပန်တယ်ဆိုတာ
စိတ်ရင်းက လာဖို့လိုအပ်သလို
ခွင့်လွှတ်တယ်ဆိုတာလည်း
မေ့ပျောက်နိုင်ဖို့လိုတယ်...

#EvEr2SmiLe

:-)

အားပေးစကားတိုင်းက
အားမဖြစ်စေနိုင်သလို
ဘေးမှာရှိတိုင်းလည်း
နှစ်သိမ့်မှုမရစေနိုင်ပါဘူး...

တစ်ယောက်ချင်းစီမှာ
မတူကွဲပြားတဲ့ခံယူချက်နဲ့
တစ်ထပ်တည်းမကျနိုင်တဲ့
အမြင်တွေကြောင့်
ကို့အတွက်မှန်တဲ့အမြင်တွေ
ကို့အတွက်သာရှိစေတော့လေ
မင်းအတွက်မှန်မယ့် ခံယူချက်တွေ
မင်းရှာဖွေတွေ့ပါစေလေ
သူငယ်ချင်း...

အမည်မဖော်လိုတဲ့
မင်းရဲ့ သူငယ်ချင်း
#EvEr2SmiLe

:D :P

ဒီလို

တစ်ချို့ကိစ္စတွေမှာ
ဒီလိုနေမှရတယ်...

တွေ့ရင်တောင် မမြင်သလို
မြင်ရင်တောင် မသိသလို
သိရင်တောင် မပတ်သက်သလို
ပတ်သက်ရင်တောင် မဆိုင်သလို
ဆိုင်ရင်တောင် မပိုင်သလို
ငါ....
နေတော့မယ်...

#EvEr2SmiLe

တံခါး

ဒေါက် ဒေါက် ဒေါက်

"ဘယ်သူလဲ"

"အချစ်"

"နေရာမရှိဘူး၊ တံခါးပိတ် သော့လည်းခတ်ထားတယ်"

"အထဲရောက်နေတာကြာပြီ အခုမှ သိရအောင်လို့ အသိပေးတာပါ"

"အချစ်" ဆိုတာအတွက်
နေရာဆိုတာ ဦးထားလို့မရသလို
သော့ခတ်ထားလို့လည်း
မရပါဘူး...

#EvEr2SmiLe

*****ငါ့အတွက်*****

အဝေးဆုံးကိုမျှော်

အတွေးမဆုံးမီမှာ

အရာရာပျောက်ကွယ်လို့

လျှောက်နေတဲ့ခြေလှမ်း

ပန်းတိုင်မဲ့ခဲ့...။

လက်တစ်ကမ်းမှာ အလင်းတန်း

လှမ်းယူကာသိမ်း

အမှောင်ညအတွက် လမ်းပြ

သို့ပေမယ့်လေ

နေရောက်ခြည်အောက်

ငါလမ်းပျောက်နေခဲ့...။

အရာရာအတွက် ငါဟာ

အားအင်အပြည့်နဲ့

ပြင်ဆင်ခဲ့ပေမယ့်

ပြည့်စုံခြင်းတွေမှာ

မပြည့်စုံခြင်းတွေကို ပွေ့လို့

ငါ.. ရှုံးနိမ့်ခဲ့...။

#EvEr2SmiLe

*****ဖြူစင်ပါစေ*****

ဆုံးသက်ထိရွယ်
ပြုံးလက်ကယ်တွဲ
ခွဲမသွားချင်
ထာဝစဉ်ချစ်စိမ့်...။

ဘ၀ပင်လယ်
ဖြတ်မယ်အတူမို့
စို့မျက်ရည်တွေ
ခမ်းစေချိမ့်သား...။

ဘ၀လောကဓံ
ဝေးရန်ဖန်လည်း
ပြန်လှန်သစ္စာ
မြဲရာတည်သမို့
ဒို့နှလုံးသားတွေ
ဖြူစင်စေ...။

#EvEr2SmiLe

*****မိုးသည်းထဲက ဘ၀သခင်*****

တစ်ဖွဲဖွဲနဲ့
စိတ်မထင်တော့
သည်းလာပြန်လည်း
ရွဲစိုနေတဲ့ တို့နှစ်ယောက်
လျှောက်လက်စခြေလှမ်း
ရပ်တန်းဖို့မရှိပြီ...။
မိုးသည်းရုံမကလို့
လေပြင်းထပါစေ
အလှတွေကို ပုံဖော်ရင်း
ချစ်ခြင်းနဲ့ အတူ
တူရူကိုရွှေ့လို့...။

ဘ၀မုန်တိုင်း
တိုးဝှေ့ဆင်ရိုင်းပမာ
ဝင်လာမစဲ
အစဉ်သာဝဲနေပလေ့စေ
စိတ်ဖြေစရာ
သူသာဘေးမှာမို့
ဘ၀သခင်ပမာ
အကြင်နာဆေးသာလို့
ဝေးဖို့.. ဘယ်မတွေး...။

#EvEr2SmiLe

*****ပုံမဲ့ပန်းချီ*****

ညအမှောင်က ငါ့ကို
ဟားတိုက်နေတယ်
အာရုံဦးက ခါးသက်နေပြန်ရော...
မထူးပါဘူး ဆိုပြီး
အခန်းပြင်ထွက်တော့
မုန်တိုင်းက ငါ့ကို လာကြိုတယ်
လေပြေညင်းက
မျက်စောင်းနဲ့တောင်
ကြည့်မသွားရှာဘူး...
မုန်တိုင်းထဲလည်းသွားတယ်ကွား
ဆိုပြန်တော့
နေပူရှိန်က လက်တွဲခေါ်တယ်
ခိုစရာအရိပ်က
ပျောက်ချက်သားကောင်းလို့...
အပူဒါဏ်ကြောင့်
ရေချိုတစ်ခွက်ရှာတယ်
ကွဲအက်ကြောင်းတွေနဲ့
မြေပြင်မှာ
မိုးတစ်ပေါက်တောင်
အလည်မလာဘူး...
ဒါဏ်ရာတွေနဲ့
ခြေဖ၀ါးကိုမှ အားမနာ
မြေပြင်က ဆူးငြောင့်ခလုတ်တွေနဲ့
ဗုန်းကနဲ့ လဲကျ
ကုန်းကွပြီးသွားမယ်လုပ်တော့
ညအမှောင်က "မင်္ဂလာပါ" တဲ့...

အော်...
ဘ၀အဓိပါယ်ဆိုတာ ငါ...
ပုံဖော်ရေးဆွဲလို့
မရတဲ့
ပန်းချီကား တစ်ချပ်ပါပဲလား...

#EvEr2SmiLe

ချစ်​သူများ​နေ့

ချစ်သူများနေ့တဲ့

အမျိုးမျိုးပြောကြတယ်
ချစ်သူရည်စားမရှိလို့
ချောကလက်ကျွေးမယ့်သူမရှိလို့
အလည်အပတ်ခေါ်မယ့်သူမရှိလို့
Shopping ကိုလက်တွဲပြီး ခေါ်မယ့်သူမရှိလို့
အတွဲခုပ်စရာသူမရှိလို့
...မရှိလို့
...မရှိလို့
ချစ်သူများနေ့ဟာ ငါနဲ့မဆိုင်ဘူးတဲ့...

သင်...
သေချာပြီလား...
သင့်မိဘ၊ သင့်ညီအစ်ကို မောင်နှမ
သင့်ဆွေမျိုးညာသိကာ
သင့် သူငယ်ချင်း အပေါင်းအသင်း မိတ်ဆွေ
သင်နဲ့နီးစပ်သူတွေဟာ
သင်ချစ်ရတဲ့
သင့်ချစ်သူတွေမဟုတ်ဘူးတဲ့လား
သေချာစဉ်းစားစေချင်တယ်...

ချစ်သူများနေ့ဆိုတာ
ကိုယ်ချစ်ရတဲ့သူတွေ အားလုံးနဲ့
သက်ဆိုင်ပါတယ်

ချစ်သူများနေ့မှာ
ချစ်သူများအားလုံး
အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ...

#EvEr2SmiLe

ကြည့်​မှန်

ကောင်မလေး...
ဒီနေ့ ချစ်သူများနေ့နော
ကိုယ့်ကိုယ်ကိုကြည့်မှန်တစ်ချပ်အနေနဲ့
မင်းကို လက်ဆောင်ပေးချင်တယ်...

မင်းလေး အရမ်းကို
ကြေကွဲဝမ်းနည်းတဲ့အခါ
မှန်ကိုကြည့်လိုက်ပါ
မင်းလေးကို အားပေးနှစ်သိမ့်မယ့်
လူတစ်ယောက်တွေ့လိမ့်မယ်...

မင်းလေး အခက်အခဲအတားအဆီးတွေ
ရင်ဆိုင်ရတဲ့အခါ
မှန်လေးကိုကြည့်လိုက်ပါ
မင်းလေးနဲ့အတူ
အရာရာကိုရင်ဆိုင်မယ့် တစ်ယောက်တည်းသောသူကို
တွေ့ရလိမ့်မယ်...

မင်းလေးပျော်ရွှင်ကြည်နူးတဲ့အခါ
မှန်ကိုကြည့်လိုက်ပါ
မင်းလေးနဲ့အတူ
ဝမ်းသာမျက်ရည်စို့နေမယ့်သူကို
တွေ့ရလိမ့်မယ်...

မင်းလေး စိတ်ဓါတ်တွေကျလို့
ကိုယ့်ကိုကို ထိခိုက်နစ်နာအောင်
လုပ်မိတော့မယ်ဆို
မှန်ကိုကြည့်လိုက်ပါ
မှန်လေး ကြေကွဲဝမ်းနည်း
ငိုကြွေးနေရလိမ့်မယ်...

#EvEr2SmiLe

အတ္တ

ပန်းတစ်ပွင့်ကို
ပိုင်ဆိုင်ရဖို့
ကျွန်တော် ဆွတ်ခူးလိုက်တယ်
အဆင်းလှသလို
ရနံ့မွှေးကြိုင်တာကိုး...

ပန်းကလေးခမျာ
တစ်နေ့ပြီးတစ်နေ့
ကျွန်တော့ရင်ခွင်မှာ
အဆင်းအရောင်ညှိုးလာသလို
ရနံ့ပြယ်သွားရှာတယ်...

ဘာကြောင့်ပါလဲ...

တကယ်တော့ ပန်းဆိုတာ
သူ့နေရာနဲ့သူမှ တင့်တယ်တာမလား...
...
...
သတိ—
သင့်အတ္တကြောင့်
တစ်ပါးသူဘဝမဆုံးပါစေနှင့်...

#EvEr2SmiLe

အချစ်​ဆိုတာ ၂

အချစ်ဆိုတာ
တစ်ခါတစ်ရံ ရှင်သန်ချိုမြိန်
သကာထင်ရပေမယ့်
တစ်ခါတစ်ရံ သကာနှင့်ဆန့်ကျင်
တမာထင်ရအောင်
အခါးဆောင်တဲ့
နှလုံးသားရဲ့ လျှို့ဝှက်
အရာတစ်ခုပါ...

#EvEr2SmiLe

မ​သေချာရင်

ဘဝအတွက်လက်တွဲဖို့ မဟုတ်ရင်
အစကတည်းက အကြင်နာတွေနဲ့
မလာခဲ့ပါနဲ့လားချစ်သူ...

သူလေးနဲ့ မပြည့်စုံနိုင်မှန်းသိရင်
အစကတည်းက ရင်ခုန်စရာတွေနဲ့
ဆုံခွင့် မပေးပါနဲ့လားဘဝရယ်...

ထာဝရအတွက်မဟုတ်မှန်းသိရင်
အစကတည်းက ခဏတာလေးတွေနဲ့
မျှားမခေါ်ပါနဲ့လား ရင်ခုန်သံလေးရယ်...

အခုတော့...
နာကျင်စရာတွေဖြစ်ကုန်ပြီ...။

*****Nobel F2*****

ဘ၀သမား

ဘဝသမားတွေက
အချစ်ဆိုတာကို
နှလုံးသားနဲ့
အဆုံးအဖြတ်မပေးတတ်ဘူး
နှလုံးသားက ဖြစ်ချင်တာကို
ဦးနှောက်နဲ့ ဝေဖန်ပိုင်းခြား
ဦးနှောက်နဲ့ပဲ့ကိုင်ပြီး
အဆုံးအဖြတ်ပေးတတ်တယ်
ဘာလို့လဲဆိုတော့
သူတို့တွေအတွက်
အချစ်ဆိုတာ
ဘဝရဲ့အစိတ်အပိုင်းလေးတစ်ခုပဲ
ဖြစ်နေလို့ပါ...

#EvEr2SmiLe

စိန်​​ခေါ်သံ

နေ့ရဲ့အားသာချက်ကို သိချင်ရင်
ည ဆိုတာကနေကြည့်ရတယ်
ကောင်ြးံခင်းဆိုတာရဲ့ အဓိပ္ပါယ်ကို သိချင်ရင်
ဆိုးခြင်းဆိုတာ ရှိပေးရတယ်
ပြည့်စုံခြင်းဆိုတာကို ကွဲပြားစေဖို့
မပြည့်စုံခြင်းကို ယှည်ပြရတယ်

ငါ... မင်းအတွက်ဘာလဲဆိုတာ သိချင်ရင်(မသိသေးရင်)
ငါ မင်းအတွက် မရှိအောင်နေကြည့်ပါ...
မင်းသိလာလိမ့်မယ်...

#EvEr2SmiLe

ငါ့အတွက်...

ဘဝဆိုတာ
တောင်ကုန်းလေးတစ်ခုဆိုရင်
အမြင့်ပေမသိနိုင်တဲ့ တောင်ကုန်းလေးပေါ့
တက်လေမြင့်လေပါပဲ...

ဘဝဆိုတာ
ပင်လယ်ပြင်ပါဆိုရင်
ကမ်းမရှိတဲ့ ပင်လယ်ပြင်ပေါ့
ကမ်းမမြင် လမ်းမမြင်ပါပဲ...

ဘဝဆိုတာ
လမ်းတစ်လမ်းပါဆိုရင်
ခရောင်းလမ်းလေးပေါ့
ဆူးညောင့်ခလုတ်အပြည့်ပါပဲ...

ဘဝဆိုတာ
တိုတောင်းလွန်းပါတယ်တဲ့ ငါ့ရဲ့
နေ့ရက် တစ်ရက်စီတိုင်းက
နှစ်နဲ့ချီပြီးကြာနေသလိုပဲ...

အဲဒါ
ဘဝ လို့ခေါ်တဲ့အရာပေါ့နော...

#EvEr2SmiLe

၂၀၁၃ သို့

၂၀၁၃ ရေ . . . .
ငါ တို့ မ မျှော်လင့် ပဲဆုံခဲ့ကြတယ်
ဒါပေမယ့်. . . .
နင် ဟာ
ငါ့ အတွက်(တချို့လူတွေ ပြောသလို)
Unlucky Number ပါပဲ။

၂၀၁၃ ရေ. . . .
မင်း ရဲ့ ရက်စွဲတွေ မှာ
ငါအိပ်မရ တဲ့ နေ့ များစွာ
မျှော်လင့် ချက် မဲ့ နေ့ တွေကြားမှာ
ငါ. .  ရှိတော့ ရှိတယ် . . . အရှိမဲ့
ငါ. .  ပြုံးတော့ ပြုံးတယ်. . အသက်မဲ့
ငါ့ စကားလုံး တွေလဲ
အဓိပါယ်မဲ့ နေခဲ့ရ တာပါပဲ။

ခုတော့ ၂၀၁၃ ရေ. . .
ငါလဲ ယဲ့ယဲ့လေး ကျန်တော့မှ     
မင်းလဲ တာဝန်ကျေ ခဲ့ပြီပဲ။

ဒါပေမယ့် လဲလေ ၂၀၁၃ ရေ
တချို့ တချို့ တွေအတွက်
ငါ မင်းကိုလက်ဆွဲ နှုတ်ဆက်ခဲ့ပါရ စေ။

မင်း လွတ်လပ်သွားပြီပဲ
သွားပါ. . .
ပြန်မလာချင် လဲနေပါ။

၂၀၁၃ ရေ . . .
အရာရာအတွက်
ကျေးဇူးကမ္ဘာ ပါ
ငါ မင်းကို
နာကျင်ခြင်းတွေနဲ့
အမြဲ အမှတ် ရ နေ မှာပါ။ ။ ။

M.L.Pann

ကြမ်းပိုးမည်းတွေအကြောင်း

ဘုရားကျောင်းတော့ မင်းလေးမတက်တာအတော်ကြာပြီ
ငါ့အပြစ်တော့မပြောလိုက်နဲ့ကွယ်
အခြေအနေတော့မင်းမသိပါတယ်
ခရစ္စမတ်ကျ off မယ်ဆိုရင်
New Year တော့နားမယ်မကြံနဲ့
နှစ်ရက်ထဲ တစ်ရက်သာယူကွယ်
မင်းတရားက ငါ့နဲ့ဘာမဆိုင်ပဲ
ငါပြောတာ လက်ဆက်ခံကွယ်...

ခရစ္စမတ်ဟေ့ ခရစ္စမတ်ဟေ့
ခရစ္စမတ်နေ့မှာ ဘုရားကျောင်းသွားမယ်...
New Year တော့ငုတ်တုတ်မှိုင်တွေဆဲ...2times

မင်းကဲလို့မဝခင် မင်းလှဲလို့မဝခင်
၁ ရက်နေ့တော့ အလုပ်ထဲရောက်လာနော...
အလုပ်ထဲမင်းမရှိရင်
နားနာနာနာနာနာနာနာနာနာ...

:P

*****Nobel F2*****

အချစ်​ဆိုတာ

အချစ်ဆိုတာကို အနက်ဖွင့်ကြည့်တယ်...
ထိုက်တန်ခြင်း တဲ့...
လိုချင်တိုင်းမရသလို
ရတိုင်းမထိုက်တန်ဘူး...
တန်ဖိုးသိလို့ ရအောင်ယူတယ်
တန်ဖိုးရှိစွာရယူနိုင်ရင်
ဒါမှတကယ့်ထိုက်တန်ခြင်းပေါ့...
တကယ်ထိုက်တန်တာမှန်သမျှ
မြဲတယ်ဆိုတာ အမှန်ပါ...

*****Nobel F2*****

အချစ်နဲ့ ကွမ်းယာ

ချစ်သူ ကိုယ့်အချစ်က
ပေးဆပ်ခြင်းပါ
ဒါကို မင်းကလမ်းဘေးဆိုင်တိုင်းမှာ ဈေးပေါပေါနဲ့ ရနိုင်တယ်လို့
တလွှဲထင်နေတာကိုး...။

ကို့အချစ်က အဖြူရောင်လေးပါ
ဒါကို မင်းက
ထုံးလိုသဘောထားပြီး
ကွမ်းယာထဲထည့်တယ်...
ကွမ်းရွက်လိုစိမ်းကားပြီး
ကွမ်းသီးလိုမာတဲ့အသဲနဲ့
တမြုံ့မြုံ့ဝါးလိုက်တယ်
ဒါဏ်ရာအလူးလူး
သွေးအလိပ်လိပ်နဲ့ ကို့အချစ်တွေကို
ဗြစ်ကနဲ့ထွေးထုတ်
ဖွတ်ကနဲ့နင်းခြေသွားတယ်...
ချစ်သူရယ်
ထွေးပြီးတဲ့တံတွေး ပြန်မြိုချရိုးထုံးစံမှမရှိတာပဲ
အစိတ်စိတ်ကျေမွသွားတဲ့
ကို့နှလုံးသားကို
ဘယ်သူလာပြီးကောက်ယူချင်မှာတဲ့လဲ...။

*****Nobel F2*****

PS: တစ်နေ့တာအတွက် တစ်ချက်တော့ပြုံးကြနော... ခ်ခ်

Photo credit: ရင်ကွဲပက်လက်လမ်းဆုံ

ဘဝ

ဒီခြေလှမ်းလှမ်းရင်
ဒီနွံထဲကျမယ်ဆိုတာ ငါသိတယ်...
ငါ နွံထဲကျသွားတယ်...

ဒီလမ်းအတိုင်းလျှောက်ရင်
ငါနွံကလွှတ်မယ်ဆိုတာသိတယ်...
ငါနွံထဲနစ်နေတုန်းပဲ...

*****Nobel F2*****

Tuesday, 21 April 2015

ဒီဇင်​ဘာ

တချိန်တုန်းက အတူရှာခဲ့တဲ့
ကြည်နူးခြင်းတွေ...
ချစ်သူရေ ငါလွမ်းတယ်...

ဟုတ်တယ်
နှင်းတွေတောင် အရင်လိုမဝေတော့ဘူး
ချစ်သူ...
ချမ်းအေးတာတော့ အေးနေတုန်းပဲ...

ဆောင်းသီချင်းတွေတောင်
အရင်လို မသာယာတော့ဘူးချစ်သူ
ငိုချင်းလိုပဲ ငါဆိုညီးနေတုန်းပဲ...

ဆောင်းပုံရိပ်တွေမှာ
အရင်လိုနှစ်ယောက်မဟုတ်တော့ဘူးချစ်သူ
(မင်း)ခြေနင်းရာတော့ နောက်ထင်ကျန်တုန်းပဲချစ်သူ...

ကွယ်ပျောက်သွားတဲ့ ဆောင်းနှင်းတွေနောက်
ဒီမျက်ရည်ပေါက်တွေ
ပုန်းကွယ်ပျောက်မနေနိုင်တာ
ဘာ့ကြောင့်လဲ...

*****Nobel F2*****

ခနတာဆိုခဲ့ရင်

ဘဝအတွက်လက်တွဲဖို့ မဟုတ်ရင်
အစကတည်းက အကြင်နာတွေနဲ့
မလာခဲ့ပါနဲ့လားချစ်သူ...

သူလေးနဲ့ မပြည့်စုံနိုင်မှန်းသိရင်
အစကတည်းက ရင်ခုန်စရာတွေနဲ့
ဆုံခွင့် မပေးပါနဲ့လားဘဝရယ်...

ထာဝရအတွက်မဟုတ်မှန်းသိရင်
အစကတည်းက ခဏတာလေးတွေနဲ့
မျှားမခေါ်ပါနဲ့လား ရင်ခုန်သံလေးရယ်...

အခုတော့...
နာကျင်စရာတွေဖြစ်ကုန်ပြီ...။

*****Nobel F2*****

ကံကြမ္မာမသိတဲ့ငါ

မိုးရေထဲမှာ
ငါ မြူးတူးနေတယ်
မိုးရေနဲ့ အတူ
မျှောသွားတဲ ငါ့မျက်ရည်
ဘယ်သူမှ မသိနိုင်ရှာဘူး။

ပင်လယ်ကမ်းဘေးမှာ
ငါထိုင်ငေးနေတယ်
လှိုင်းတွေနဲ့ အတူ
မျှောသွားငါ့အလွမ်းတွေ
ဘယ်သူမှ မသိနိုင်ရှာဘူး။

တောင်ကုန်းမြင့်ထက်မှာ
ငါထိုင်တွေးနေတယ်
လေပြေညင်းတွေနဲ့အတူ
မျှောသွားတဲ့ငါ့မဆွေးတွေ
ဘယ်သူမှ မသိနိုင်ရှာဘူး။

ကံကြမ္မာရယ်
မျက်နှာသာလေး
ပေးလှည့်ပါဦးလားကွယ်။

*****Nobel F2*****

ပန်းက​လေးနဲ့ မင်း​လေး

သဘာဝတရားရဲ့နောက်မှာ
ကို မမြင် မသိနိုင်တာ
အများကြီးရှိတယ် ကောင်မလေး...
မင်းလေးရဲ့နောက်ကွယ်မှာလည်း
ကိုမမြင် မသိနိုင်တာတွေအမျာကြီးပဲ
ဒါဆိုရင်
သဘာဝတရားနဲ့မင်းလေးကို
ကို ညီမျှခြင်းချလို့ရမလားပေါ့...
မဖြစ်နိုင်ဘူး ကောင်မလေး
သဘာဝတရားက
အရှိကို အရှိအတိုင်းနေတာ
သဘာဝအတိုင်း သူ
ဖြစ် ပျက်နေတာ...

မင်းကလေးမှာတော့
ဟန်ဆောင် လိမ်ညာ ဖုံးကွယ်မှုတွေနဲ့
ကို မယုံကြည်တာ
အပြစ်မဆိုပါနဲ့ကွာ...

*****Nobel F2*****

မိုးနဲ့အတူ

မင်းလေးကို သတိရတိုင်း
မိုးမရွာပါဘူး
မိုးရွာတိုင်းတော့ သတိရမိတယ်...
တကယ်ပါ...
တချိန်တုန်းက
မိုးခိုခဲ့ကြရတဲ့ အချိန်လေးတွေ...
မိုးနှောင့်ယှက်လို့
ပြေးကြရတဲ့ နေ့ရက်တွေ...
မိုးရေထဲမှာ
လက်တွဲလျှောက်ခဲ့ကြတဲ့ လမ်းတွေ...
နွမ်းသ ယောင်ရှိနေပေမယ့်
အဆန်းဆုံးလန်းနေဆဲပါ
ချစ်သူ...

*****Nobel F2*****

မ​ဝေးချစ်​ခြင်း

ချစ်သူ...
တောင်ပြာတန်းတွေ ညှို့မှိုင်းလှပနေပါတယ်
ကိုယ်တို့ကို တံတိုင်းတစ်ခုလိုခြားထားတာက
အကြည်းတန်နေတာ...

ချစ်သူ...
ပင်လယ်ပြင်က ငြိမ်သက်အေးမြနေတယ်
ကိုယ်တို့ကို စည်းတစ်ခုလိုခြားစေတာက
ပူလောင်နေသရောင်ပဲ...

ချစ်သူ...
ကောင်းကင်ပြင်ကြီးက လွတ်လပ်ကျယ်ပြောပါတယ်
ကိုယ်တို့ကို လှုပ်ရှားရုန်းကန်မှုတွေနဲ့ ချုပ်နှောင်ထားတာက
ကျဉ်းကျပ်နေစေတယ်...

တကယ်တမ်းတော့ ချစ်သူရယ်...
မင်းနဲ့ကို နဲ့ကို
စည်းခြားစေနိုင်တာ
အကျဉ်းချထားစေနိုင်တာက
မင်းနဲ့ကို ပါပဲဆိုတာ
သိနေမှတော့
ကိုတို့နှစ်ယောက် အမြဲ
လွတ်လပ်၊ ပေါ့ပါး၊ အနီးနားရှိနေကြမှာပါနော...
ဘယ်တော့မှ မဝေးတဲ့ ချစ်ခြင်းကို ဆုပ်ကိုင်ရင်း...

*****Nobel F2*****

အလွမ်း

ညနက်သန်းခေါင်ဆိုတာ
ငါလန့်နိုးရမယ့်အချိန်မှမဟုတ်တာဘဲ
ဒါပေမယ့် ငါ လန့် လန့်နိုးလာတတ်တယ်...
ညရဲ့အမှောင်ဆိုတာ
ငါမှေးစက်အနားယူရမယ့်အချိန်ပဲ
ဒါပေမယ့် ငါမအိပ်စက်နိုင်ရှာတယ်...
ချစ်သူရယ် မင်းလေး...
ဘယ်မှာလဲ...

*****Nobel F2*****

စာနာပါ

ဘာ​ကြောင့်​လဲ

လမ်းမမှားစေနဲ့ ဆိုပြီး
ငါ့ကို လမ်းအများကြီးထဲက
ရွှေးစေတာ ဘာကြောင့်လဲ...
လမ်းမမှားအောင်ဆိုပြီး
တစ်လမ်းတည်းကို
လျှောက်ခွင့်ပေးပါလား...

*****Nobel F2*****

ပန်းတိုင်

မှန်​ပါတယ်

ဘ၀ vs အချစ်

*****သဘာဝတရား*****

မင်းကို
ဘယ်လိုကြည့်ကြည့်
လှနေတာပဲကွာ...
ငါတို့တစ်တွေတော့
ဘယ်လိုနေနေ
အဆင်ကိုမပြေဘူး...။

မင်းကို
ဘယ်အချိန်မှာပဲမြင်မြင်
အေးချမ်းလွန်းပါတယ်ကွာ
ငါတို့ တစ်တွေမှာတော့
အချိန်တိုင်းလိုလို
ပူလောင်မွန်းကြပ်နေရတယ်။

မင်းက
ဘယ်နေရာမှာပဲဖြစ်ဖြစ်
သာယာနေတယ်ကွား
ငါတို့တစ်တွေမှာတော့
နေရာတိုင်းမှာ
မည်းမှောင်ခြောက်သွေ့နေတယ်။

မင်းမတရားဘူး...
ဟုတ်တယ်
မင်းနဲ့အတူ
ငါတို့အချင်းချင်းမှာလည်း
တရားတာမရှိဘူး...။

*****Nobel F2*****

အ​မောက်​​ထောင်​ပါ

ဘ၀ဥယျာဉ်

ကတိ?

ဘယ်​​တော့လဲ

တိမ်အုပ်နေတာပဲ
မကြာခင်နေသာလာဦးမှာပဲ...
မည်းမှောင်နေတာပဲ
မကြာခင်လင်းလက်လာဦးမှာပါပဲ...
ဘယ်အရာမှ ထာဝရမမြဲဘူး
မသေချာမရေရာပေမယ့်
ဖြစ်လာရမှာပဲ....
ငါ့ဘဝကရော
ဘယ်တော့ နေသာလာမှာလဲ...

*****Nobel F2*****

ငါ့အချစ်

လမင်းလေးက တပြုံးပြုံး
ငါ့နှလုံးသားလေးက တဗုန်းဗုန်းနဲ့
မင်းစကားလုံးအောက်မှာ ကျရှုံးနေတယ်...
မရက်စက်ပါနဲ့နောချစ်သူလေး
နှလုံးသားက ဘဝအတွက်မာနိုင်ပေမယ့်
အချစ်အတွက်တော့
နူးညံ့လွန်းနေတယ်ကွယ်...

*****Nobel F2*****

အ​ကောင်းဆုံးအတွက်

Sunday, 19 April 2015

အချစ်​ကို ကိုးကွယ်​သူ

ဘ၀ဆိုး​ကြောင့်

သူ​လေးသို့

အလုပ်ခွင်တောင်းဆု....

သူဌေးမျက်နှာလိုမျက်နှာရ လုပ်လို၍
လုပ်ဖော်ကိုင်ဖက်များကို အပုပ်ချပြောတတ်သောသူနှင့် ကင်းဝေးရလိုပါ၏...

ပုဇွန်ဆိတ်အသိလေးရှိရုံမျှနှင့် လူတွင်ကျယ်လုပ်တတ်သူနှင့် ကင်းဝေးရလိုပါ၏...

မရှိတာကိုအရှိလုပ် မသိတာကို သိသယောင်လုပ်ပြီး ဟောင်ဖွာဟောင်ဖွာပြောတတ်သူနှင့်ကင်းဝေးရလိုပါ၏...

ကိုယ်တိုင်က အမှားပေါင်း သောင်းခြောက်ထောင်နှင့် တစ်ပါးသူကို အပြစ်ရှာတတ်သူနှင့် ကင်းဝေးရလိုပါ၏...

အလုပ်နှင့်မသက်ဆိုင်သော ကိစ္စရပ်များကို အလုပ်ခွင်သို့သယ်ဆောင်လာပြီး
စိတ်ညစ်စေတတ်သူနှင့် ကင်းဝေးရလိုပါ၏...

စိတ်ဓါတ်ယုတ်ညံ့ပုပ်ပွဆွေးမြှေ့နေသူနှင့် အလုပ်အတူလုပ်ခွင့် နောက်နောင်အနာဂါတ်တွင်
အစဉ် ကင်းဝေးရလိုပါ၏...။

*****Nobel F2*****

ကျောချင်းကပ်

ငါ့ဆု​တောင်း

မလုပ်​ပါနဲ့

အသင်းပင်း

လွတ်​လပ်​ခွင့်

မငိုပါနဲ့လား
မျက်ရည်ကခါးတယ်လေး
မမဲ့ပါနဲ့လား
မင်းအပြုံးက ပိုလှတာလေး
မှုန်ကုပ်မနေပါနဲ့လား
မင်းစကားလုံးတွေက ပိုချိုသာတယ်လေး...

ဘဝက
ခါးသီးမှုတွေကြားမှာ ချိုတာရှာနေရတာ
ဘဝက
အမှောင်ထဲမှာ အလင်းကိုရှာရတာ
ဘဝက
ကြမ်းတမ်းမှုကြားမှာ ဖြောင့်ဖြူးတာကိုရှာရတာ

ပိုင်ဆိုင်မှုက မသေချာပေမယ့်
ရှာဖွေခွင့်တော့ မင်းမှာအပြည့်ရှိတယ်....

*****Nobel F2*****

အနီးဆုံးသူစိမ်း

စေတနာက ဝေဒနာဖြစ်
ဝေဒနာက နာစရာဖြစ်
နာစရာက ဒါဏ်ရာဖြစ်
ဒါဏ်ရာက အမာရွှတ်ဖြစ်
အမာရွှတ်က အမှတ်အသားဖြစ်
အမှတ်အသားက ထာဝရဖြစ်
နောက်ဆုံးတော့
မင်းနဲ့ ငါနဲ့က
သူစိမ်းဖြစ်...
မထင်ရဘူးဟာ
စေတနာနဲ့ သူစိမ်းနဲ့က
နီးနီးလေးပါလားလို့....
ငါအသိနောက်ကျသွားတယ်...

*****Nobel F2*****

မင်းမသိတဲ့ငါ

မငိုပါနဲ့ဆိုပြီး
မျက်ရည်တွေနဲ့ငါပြောနေတာ
မင်းမှမသိပဲ...

မလွမ်းပါနဲ့ဆိုပြီး
အဆွေးတွေနဲ့ငါကြေကွဲနေတာ
မင်းမှမသိပဲ...

မခံစားပါနဲ့ဆိုပြီး
ငါ့နှလုံးသား အရုပ်ကြိုးပြတ်နေတာ
မင်းမှမသိတာပဲ...

မချစ်ပါနဲ့ဆိုပြီး
ငါရူးမတတ်ဖြစ်နေတာ
မင်းလေးမှမသိတာပဲ
ကောင်မလေးရယ်...။

*****Nobel F2*****

ပျောက်​ဆုံးလမ်း

ချစ်ခွင့်မရှိဘူး
မုန်းလို့လည်း မရပြန်ဘူး...
နီးခွင့်မရှိဘူး
ဝေးဖို့လည်း အားမရှိပြန်ဘူး...
လက်ကမ်းခွင့်မရှိဘူး
ပြန်ရုတ်ဖို့လည်း ငါကြောက်ရွံ့နေမိ...
ချစ်ရသူလေးရယ်
ဘယ်လိုလဲ
ဘယ်ကိုလဲ
..............
သေချာတဲ့ အခွင့်အရေးတစ်ခုကတော့...
မျက်ရည်တွေကို ငါ...
ဖက်တွယ်နေရဆဲပါပဲ....

*****Nobel F2*****

မင်းရဲ့အချစ်​မြှား

"ဖေါက်"
သဲ့သဲ့လေးကြားလိုက်တဲ့
အသံ...
ပေါက်သွားတာက
ငါ့နှလုံးသား
ဖောက်သွားတာက
မင်း အချစ်မြှား
နာကျင်လို့ နာကျင်မှန်းမသိ
သြော်....
သွေးတွေတောင်
ခမ်းကုန်တော့မှာပါလား...

*****Nobel F2*****

*****ကြမ္မာမျက်လှည့်ဆရာ*****

နင်နဲ့ ငါရဲ့ချစ်ခြင်းမှာ
ငါစိုးရိမ်တာ ကံကြမ္မာပဲ
ပတ်ဝန်းကျင် အသိုင်းဝိုင်းကြောင့်
ငါတို့ချစ်ခြင်း
မပျက်စီးနိုင်သလို
ဘဝအခြေအနေ
ကြမ်းတမ်းနေရင်လည်း
ငါတို့ ရင်ဆိုင်ရဲတယ်...
ကံကြမ္မာမျက်လှည့်ဆရာကိုတော့
ငါကြောက်နေမိသလိုပဲဟာ...

*****Nobel F2*****

*****အရှုံး*****

သူ့ရဲ့ ရင်ခုန်သံ လေညင်းအောက်မှာ ငါ ကျရှုံးခဲ့တယ်
ပြန်ထဖို့ ငါ အနိုင်မယူချင်ဘူး...

ဒီအရှုံးကို ခုံမင်စွာပွေ့ဖက်ရင်း
ထာဝရအတွက်
ငါရှုံးနေမှာပါ...

ဟားတိုက် ရယ်မောသံတွေ
ငါ့အရှုံးမာနကို
မလှုပ်နိုးစေနိုင်တော့ဘူး...

မင်းခြေလှမ်းတွေ
ဘယ်လိုပဲ ငါ့ဆီက သွေဖယ်သွားပါစေ
ငါကျေကျေနပ်နပ်နဲ့
ရှုံးနေပါရစေ...။

*****Nobel F2*****

*****အနှစ်*****

အနာဂါတ်မှာ မင်းမပါဘဲ
ရှေ့ဆက်ခိုင်းတာလား...
အတောင်ပံမပါဘဲ
ငါ့ကို မပျံခိုင်းပါနဲ့လား...။

အိပ်မက်တွေမှာ မင်းမပါဘဲ
ရှေ့ဆက်ခိုင်းတာလား...
ကျည်မပါဘဲ
ငါ့ကို စစ်မတိုက်ခိုင်းပါနဲ့လား...။

ဘဝမှာ မင်းမပါဘဲ
ရှေ့ဆက်ခိုင်းတာလား...
သံစဉ်မပါဘဲ
ငါ့ကို တေးမဆိုခိုင်းပါနဲ့လား...။

အချစ်ဆိုတာ အနှစ်မပါရင်
မပြီးသလို...
မင်းဟာ ငါ့အတွက်
အရာအားလုံးရဲ့ အနှစ်မို့ပါ
မိန်းကလေး...။

*****Nobel F2*****