အနေဝေးနေဆဲပါပဲ
ဒါပေမယ့် ငါ့နှလုံးသားထဲမှာမင်းပဲရှိတယ်...
ခွဲခွာခြင်းတွေကို
ငါတို့တွေ ပွေ့ဖက်ထားရဆဲပဲ..
ကန့်သတ်ထားတဲ့
ဘ၀တံတိုင်းတွေပေါ်
ငါတို့ ပျော်မြူးနေရဦးမယ်..
မနီးနိုင်သေးတဲ့
ကံတရားကို ငါတို့ခုံမင်နေရဦးမယ်...
သွေးထိုးစမ်းနေတဲ့
လောကမာယာကို ငါတို့နင်းကျော်ဖြတ်ရဦးမယ်..
ဘာပဲဖြစ်ဖြစ်ပါ ချစ်သူလေးရေ
ငါလေ မင်းအတွက်ပဲ
ဖြစ်နေမှာပါ...။
*****Nobel F2*****
No comments:
Post a Comment