Sunday, 19 April 2015

လွတ်​လပ်​ခွင့်

မငိုပါနဲ့လား
မျက်ရည်ကခါးတယ်လေး
မမဲ့ပါနဲ့လား
မင်းအပြုံးက ပိုလှတာလေး
မှုန်ကုပ်မနေပါနဲ့လား
မင်းစကားလုံးတွေက ပိုချိုသာတယ်လေး...

ဘဝက
ခါးသီးမှုတွေကြားမှာ ချိုတာရှာနေရတာ
ဘဝက
အမှောင်ထဲမှာ အလင်းကိုရှာရတာ
ဘဝက
ကြမ်းတမ်းမှုကြားမှာ ဖြောင့်ဖြူးတာကိုရှာရတာ

ပိုင်ဆိုင်မှုက မသေချာပေမယ့်
ရှာဖွေခွင့်တော့ မင်းမှာအပြည့်ရှိတယ်....

*****Nobel F2*****

No comments:

Post a Comment