သူငယ်ချင်း...
ဆိုးတူကောင်းဖက်
နောက်မလှည့်ဖော်ကူ
ဖြူမဲမခွဲ တူလက်တွဲ၏...။
သူငယ်ချင်း...
ပျော်စဉ်အမြဲ
ငိုလည်းမခွဲဟု
ဖြစ်သမျှအတူတူ
ခဲခက်ဟူလည်း အတူလက်တွဲ၏...။
သူငယ်ချင်း...
အောင်မြင် ချိန်ခါ
ရှုံးပါမူလည်း
ထင်သေးမပြု
အားပေးသမှု အတူလက်တွဲ၏...။
သူငယ်ချင်း...
ပြသနာအဖုံဖုံနှင့်
ထီးတည်းကျန်ချိန်
ထိန်ချန်မသွား
နားနားမှာမြဲ အတူလက်တွဲ၏...။
သူငယ်ချင်းဆိုတာ...
မာယာမရှိ
အလိမ်ညာတိကင်း
ရိုးသားဖြူစင်
ဆုံးသက်ခင်မြဲ အတူလက်တွဲ၏...။
*****Nobel F2*****
No comments:
Post a Comment