Sunday, 19 April 2015

*****နင်ရယ် ငါရယ် အသပြာရယ်*****

ဝေးလွှင့်နေရက်တွေကို
ရေတွက်နေဆဲ...
ဘယ်မှာလဲ ကံကြမ္မာကောင်းတွေ
ဟောင်းနေပြီဖြစ်တဲ့
နာရီတွေကို ငါ...
စားသုံးနေရဆဲ ပါပဲလား...။

မတရားဘူး တကယ်...
မတရားဘူး...။

မူးလို့ရှူစရာမရှိတဲ့
အသပြာနောက် ငါ
ကောက်ကောက်ပါအောင်
လိုက်နေရဆဲ...။

ဘဝ ဆိုတာကို
အသပြာမဲ့
တည်ဆောက်လို့ ရခဲ့ရင်...
(ဒီ) ရင်ခွင်နန်းပြင်ဟာ
မင်းလေးစံပျော်ရာ
ဘုံပမာ ဖြစ်နေတာ
ကြာပြီပေါ့ ကောင်မလေးရယ်...။

*****Nobel F2*****

No comments:

Post a Comment