Saturday, 25 April 2015

*****မိုးသည်းထဲက ဘ၀သခင်*****

တစ်ဖွဲဖွဲနဲ့
စိတ်မထင်တော့
သည်းလာပြန်လည်း
ရွဲစိုနေတဲ့ တို့နှစ်ယောက်
လျှောက်လက်စခြေလှမ်း
ရပ်တန်းဖို့မရှိပြီ...။
မိုးသည်းရုံမကလို့
လေပြင်းထပါစေ
အလှတွေကို ပုံဖော်ရင်း
ချစ်ခြင်းနဲ့ အတူ
တူရူကိုရွှေ့လို့...။

ဘ၀မုန်တိုင်း
တိုးဝှေ့ဆင်ရိုင်းပမာ
ဝင်လာမစဲ
အစဉ်သာဝဲနေပလေ့စေ
စိတ်ဖြေစရာ
သူသာဘေးမှာမို့
ဘ၀သခင်ပမာ
အကြင်နာဆေးသာလို့
ဝေးဖို့.. ဘယ်မတွေး...။

#EvEr2SmiLe

No comments:

Post a Comment