Tuesday, 21 April 2015

မ​ဝေးချစ်​ခြင်း

ချစ်သူ...
တောင်ပြာတန်းတွေ ညှို့မှိုင်းလှပနေပါတယ်
ကိုယ်တို့ကို တံတိုင်းတစ်ခုလိုခြားထားတာက
အကြည်းတန်နေတာ...

ချစ်သူ...
ပင်လယ်ပြင်က ငြိမ်သက်အေးမြနေတယ်
ကိုယ်တို့ကို စည်းတစ်ခုလိုခြားစေတာက
ပူလောင်နေသရောင်ပဲ...

ချစ်သူ...
ကောင်းကင်ပြင်ကြီးက လွတ်လပ်ကျယ်ပြောပါတယ်
ကိုယ်တို့ကို လှုပ်ရှားရုန်းကန်မှုတွေနဲ့ ချုပ်နှောင်ထားတာက
ကျဉ်းကျပ်နေစေတယ်...

တကယ်တမ်းတော့ ချစ်သူရယ်...
မင်းနဲ့ကို နဲ့ကို
စည်းခြားစေနိုင်တာ
အကျဉ်းချထားစေနိုင်တာက
မင်းနဲ့ကို ပါပဲဆိုတာ
သိနေမှတော့
ကိုတို့နှစ်ယောက် အမြဲ
လွတ်လပ်၊ ပေါ့ပါး၊ အနီးနားရှိနေကြမှာပါနော...
ဘယ်တော့မှ မဝေးတဲ့ ချစ်ခြင်းကို ဆုပ်ကိုင်ရင်း...

*****Nobel F2*****

No comments:

Post a Comment