Tuesday, 21 April 2015

ကံကြမ္မာမသိတဲ့ငါ

မိုးရေထဲမှာ
ငါ မြူးတူးနေတယ်
မိုးရေနဲ့ အတူ
မျှောသွားတဲ ငါ့မျက်ရည်
ဘယ်သူမှ မသိနိုင်ရှာဘူး။

ပင်လယ်ကမ်းဘေးမှာ
ငါထိုင်ငေးနေတယ်
လှိုင်းတွေနဲ့ အတူ
မျှောသွားငါ့အလွမ်းတွေ
ဘယ်သူမှ မသိနိုင်ရှာဘူး။

တောင်ကုန်းမြင့်ထက်မှာ
ငါထိုင်တွေးနေတယ်
လေပြေညင်းတွေနဲ့အတူ
မျှောသွားတဲ့ငါ့မဆွေးတွေ
ဘယ်သူမှ မသိနိုင်ရှာဘူး။

ကံကြမ္မာရယ်
မျက်နှာသာလေး
ပေးလှည့်ပါဦးလားကွယ်။

*****Nobel F2*****

No comments:

Post a Comment