Sunday, 19 April 2015

*****အနှစ်*****

အနာဂါတ်မှာ မင်းမပါဘဲ
ရှေ့ဆက်ခိုင်းတာလား...
အတောင်ပံမပါဘဲ
ငါ့ကို မပျံခိုင်းပါနဲ့လား...။

အိပ်မက်တွေမှာ မင်းမပါဘဲ
ရှေ့ဆက်ခိုင်းတာလား...
ကျည်မပါဘဲ
ငါ့ကို စစ်မတိုက်ခိုင်းပါနဲ့လား...။

ဘဝမှာ မင်းမပါဘဲ
ရှေ့ဆက်ခိုင်းတာလား...
သံစဉ်မပါဘဲ
ငါ့ကို တေးမဆိုခိုင်းပါနဲ့လား...။

အချစ်ဆိုတာ အနှစ်မပါရင်
မပြီးသလို...
မင်းဟာ ငါ့အတွက်
အရာအားလုံးရဲ့ အနှစ်မို့ပါ
မိန်းကလေး...။

*****Nobel F2*****

No comments:

Post a Comment