Tuesday, 21 April 2015

မိုးနဲ့အတူ

မင်းလေးကို သတိရတိုင်း
မိုးမရွာပါဘူး
မိုးရွာတိုင်းတော့ သတိရမိတယ်...
တကယ်ပါ...
တချိန်တုန်းက
မိုးခိုခဲ့ကြရတဲ့ အချိန်လေးတွေ...
မိုးနှောင့်ယှက်လို့
ပြေးကြရတဲ့ နေ့ရက်တွေ...
မိုးရေထဲမှာ
လက်တွဲလျှောက်ခဲ့ကြတဲ့ လမ်းတွေ...
နွမ်းသ ယောင်ရှိနေပေမယ့်
အဆန်းဆုံးလန်းနေဆဲပါ
ချစ်သူ...

*****Nobel F2*****

No comments:

Post a Comment