Sunday, 19 April 2015

*****အချစ်=နတ္တိ*****

အချစ်ဆိုတာကို
ရေနဲ့ရောပြီး ငါ...
သောက်ချလိုက်တယ်..
ရေကအေးသလောက်
ရင်ထဲမှာ ပူခြစ်နေတာများ
ငရဲသမျှ ထင်ရတယ်....။

အချစ်ဆိုတာကို
ပျားရည်နဲ့ရော ငါ
မျှောချလိုက်တယ်...
ပျားရည်က ချိုသလောက်
လျှာဖျားမှာ ခါးသက်
အသဲထိခိုက်တယ်...။

အချစ်ဆိုတာကို
အထီးကျန်ခြင်းနဲ့ရော ငါ
ပွေ့ဖက်ထားလိုက်တယ်..
အထီးကျန်ခြင်းက အေးချမ်းသလောက်
ရင်မှာ ဟာတာတာနဲ့
နေထိုင်ရခက်စေတယ်...။

အချစ်ဆိုတာကို
အဓိပါယ်ပေါင်းများစွာနဲ့ ငါ
မေ့ထားလိုက်တယ်...
မသေချာစွာရှိနေပေမယ်
မှန်ကန်တာတစ်ခုသာ
အလိုရှိတာမို့...
ငါ...။

*****Nobel F2*****

No comments:

Post a Comment