တစ်လှမ်း...
နှစ်လှမ်း...
သုံးလှမ်း...
..............
..............
၂၄လှမ်း...
ခြေလှမ်း တစ်လှမ်းလှမ်းလိုက်တိုင်း
ငါ...
ခလုတ်တိုက်မိတာရှိတယ်...
ဆူးနင်းမိတာရှိတယ်...
နွံကျွံသွားတာရှိတယ်...
လဲကျသွားတာရှိတယ်...
လေးဘက်ထောက်သွားရတာ ရှိတယ်...
ငါအခုထိ
ပြန်ထနေနိုင်တုန်းပဲ...
ရှေဆက်နေတုန်းပဲ...
ခြေလှမ်းဆိုတာမှာ
ခြေထောက်နှစ်ချောင်းထဲနဲ့
ဆိုင်တာမှမဟုတ်တာ...
ဥာဏ်ပညာ
ခွန်အား သတ္တိ
လိုတယ်...
ငါ့ရဲ့ ဥာဏ်ပညာဖြစ်တဲ့
မောင်နှမ...
ငါ့ရဲ့ ခွန်အားဖြစ်တဲ့
သူငယ်ချင်း...
ငါ့ရဲ့သတ္တိဖြစ်တဲ့
ချစ်သူ...
အတူ
ဆက်လှမ်းကြရအောင်ပါနော...။
*****Nobel F2*****
No comments:
Post a Comment