Sunday, 19 April 2015

*****လမ်းဆုံ*****

ချမ်းချမ်းရဲ့ "ယုံကြည်သောအချစ်နဲ့"

ဟန်ထွန်းပြောခဲ့တဲ့ "အရင်က ဇာတ်လမ်းမှာ"

ကိုယ်မင်းကို ၀ိုင်းစုခိုင်သိန်းလို "အပြစ်မမြင်" ပဲ

N ကိုင်ရာထက်ပို "သိမ်းထားခွင့်" ရချင်ခဲ့ပါတယ်..

ရေဗက်က၀င်းနဲ့ မင်းရဲ့ "မိန်းကလေးအချစ်" ကို

ခင်ဘုဏ်းလို "မင်းရဲ့အချစ်သာစစ်ပါစေ" ဆိုပြီး

ကိုယ်.. တောင်းဆိုခဲ့ပါတယ်..

ဇော်ပိုင်ရဲ့ "လမ်းဆုံ" ရောက်တော့..

နေနေ ပြောတဲ့ မင်းနဲ့ ကိုယ့်ရဲ့

"မညီမျှခြင်း" တွေ ထင်ရှားလာပြီး..

L ဆိုင်းဇီ ဆုတောင်းပေးခဲ့တဲ့

"ဟိုတုန်းကလို" မမြဲနိုင်တော့

R ဇာနည်နဲ့ အတူ.. "ကြွေပါစေ" တော့လားကွယ်...

*****Nobel F2*****

No comments:

Post a Comment