Tuesday, 21 April 2015

ပန်းက​လေးနဲ့ မင်း​လေး

သဘာဝတရားရဲ့နောက်မှာ
ကို မမြင် မသိနိုင်တာ
အများကြီးရှိတယ် ကောင်မလေး...
မင်းလေးရဲ့နောက်ကွယ်မှာလည်း
ကိုမမြင် မသိနိုင်တာတွေအမျာကြီးပဲ
ဒါဆိုရင်
သဘာဝတရားနဲ့မင်းလေးကို
ကို ညီမျှခြင်းချလို့ရမလားပေါ့...
မဖြစ်နိုင်ဘူး ကောင်မလေး
သဘာဝတရားက
အရှိကို အရှိအတိုင်းနေတာ
သဘာဝအတိုင်း သူ
ဖြစ် ပျက်နေတာ...

မင်းကလေးမှာတော့
ဟန်ဆောင် လိမ်ညာ ဖုံးကွယ်မှုတွေနဲ့
ကို မယုံကြည်တာ
အပြစ်မဆိုပါနဲ့ကွာ...

*****Nobel F2*****

No comments:

Post a Comment