လမင်းက မသာတော့
ညထင်းပုံဘေးမှာ
ဂီတာတီးကာ တမ်းချင်းဆိုရင်း
မင်းလေးနဲ့ အတိတ်
မင်းလေးနဲ့ ပုံရိပ်တွေ
အတွေးကမ္ဘာ၊ ဝေဟင်မှာ ပျံ့လွင့်...။
စာနာသလို လာမငိုပါနဲ့ ပိုးဖလံလေး
ဝေးခြင်းတရားဟာ ဝေဒနာမဟုတ်
ချစ်သူတွေအတွက်
တံတား...။
အမုန်းရထားမစီးဘူး
အပြုံးကားနဲ့ နှလုံးသားဟာ
ဝေဒနာကင်းတဲ့မြို့
နာကျင်စရာကင်းမဲ့ရာသို့
ဆင်းသက်ကာ အပြင်းနှင်...
ချစ်သူ့ရင်ခွင်ဟာ
နာကျင်စရာတွေအားလုံးအတွက်
(အကောင်းဆုံး) ဆေးတစ်လက်ပါ...။
*****Nobel F2*****
No comments:
Post a Comment