Saturday, 25 April 2015

ငါ့အတွက်...

ဘဝဆိုတာ
တောင်ကုန်းလေးတစ်ခုဆိုရင်
အမြင့်ပေမသိနိုင်တဲ့ တောင်ကုန်းလေးပေါ့
တက်လေမြင့်လေပါပဲ...

ဘဝဆိုတာ
ပင်လယ်ပြင်ပါဆိုရင်
ကမ်းမရှိတဲ့ ပင်လယ်ပြင်ပေါ့
ကမ်းမမြင် လမ်းမမြင်ပါပဲ...

ဘဝဆိုတာ
လမ်းတစ်လမ်းပါဆိုရင်
ခရောင်းလမ်းလေးပေါ့
ဆူးညောင့်ခလုတ်အပြည့်ပါပဲ...

ဘဝဆိုတာ
တိုတောင်းလွန်းပါတယ်တဲ့ ငါ့ရဲ့
နေ့ရက် တစ်ရက်စီတိုင်းက
နှစ်နဲ့ချီပြီးကြာနေသလိုပဲ...

အဲဒါ
ဘဝ လို့ခေါ်တဲ့အရာပေါ့နော...

#EvEr2SmiLe

No comments:

Post a Comment