Sunday, 19 April 2015

*****မှားခြင်း၊ မှန်ခြင်း*****

အနောက်စက်ဝန်း၊ မိုးကုပ်တစ်ဆုံးမှာ

ဘယ်အရာဘာရှိ၊ ငါမသိ...

သို့တစေ၊ သိသလေငါလုပ်

ငါထုတ်ကာပြော၊ ငါနော...။

အရှေ့နေ၀န်း၊ အပြုံးနောက်မှာ

ဘယ်အရာဘာရှိ၊ ငါမသိ...

သို့တစေ၊ သိသလေငါလုပ်

ငါထုတ်ကာပြော၊ ငါနော...။

သြော်... လူ့သဘော၊ လူ့မနော

သိသော၊ မသိသော

ရှိသော၊ မရှိသော

ဘာသောမှငါမသိ...။

ငါနှင့်ငါသာနှိုင်းစရာ

ငါသာက၀ိပညာရှိတဲ့...။

သတိ...

အမှန်တရားတွင်

အတ္တ "ငါ" အတွက်

နေရာမရှိ...။

*****Nobel F2*****

No comments:

Post a Comment