Sunday, 19 April 2015

*****အရှုံး*****

သူ့ရဲ့ ရင်ခုန်သံ လေညင်းအောက်မှာ ငါ ကျရှုံးခဲ့တယ်
ပြန်ထဖို့ ငါ အနိုင်မယူချင်ဘူး...

ဒီအရှုံးကို ခုံမင်စွာပွေ့ဖက်ရင်း
ထာဝရအတွက်
ငါရှုံးနေမှာပါ...

ဟားတိုက် ရယ်မောသံတွေ
ငါ့အရှုံးမာနကို
မလှုပ်နိုးစေနိုင်တော့ဘူး...

မင်းခြေလှမ်းတွေ
ဘယ်လိုပဲ ငါ့ဆီက သွေဖယ်သွားပါစေ
ငါကျေကျေနပ်နပ်နဲ့
ရှုံးနေပါရစေ...။

*****Nobel F2*****

No comments:

Post a Comment