Sunday, 19 April 2015

အနီးဆုံးသူစိမ်း

စေတနာက ဝေဒနာဖြစ်
ဝေဒနာက နာစရာဖြစ်
နာစရာက ဒါဏ်ရာဖြစ်
ဒါဏ်ရာက အမာရွှတ်ဖြစ်
အမာရွှတ်က အမှတ်အသားဖြစ်
အမှတ်အသားက ထာဝရဖြစ်
နောက်ဆုံးတော့
မင်းနဲ့ ငါနဲ့က
သူစိမ်းဖြစ်...
မထင်ရဘူးဟာ
စေတနာနဲ့ သူစိမ်းနဲ့က
နီးနီးလေးပါလားလို့....
ငါအသိနောက်ကျသွားတယ်...

*****Nobel F2*****

No comments:

Post a Comment