အဝေးဆုံးကိုမျှော်
အတွေးမဆုံးမီမှာ
အရာရာပျောက်ကွယ်လို့
လျှောက်နေတဲ့ခြေလှမ်း
ပန်းတိုင်မဲ့ခဲ့...။
လက်တစ်ကမ်းမှာ အလင်းတန်း
လှမ်းယူကာသိမ်း
အမှောင်ညအတွက် လမ်းပြ
သို့ပေမယ့်လေ
နေရောက်ခြည်အောက်
ငါလမ်းပျောက်နေခဲ့...။
အရာရာအတွက် ငါဟာ
အားအင်အပြည့်နဲ့
ပြင်ဆင်ခဲ့ပေမယ့်
ပြည့်စုံခြင်းတွေမှာ
မပြည့်စုံခြင်းတွေကို ပွေ့လို့
ငါ.. ရှုံးနိမ့်ခဲ့...။
#EvEr2SmiLe
No comments:
Post a Comment