မြင်တယ်ဆိုတာ
မျက်လုံးနဲ့မှ မဟုတ်မှန်း
တစ်နေရာစီရောက်တော့
ငါ... သိလိုက်တယ်...။
နီးတယ်ဆိုတာ
အကွာအဝေးတစ်ခုမဟုတ်မှန်း
မင်းနဲ့ဝေးသွားတော့
ငါ... သိလိုက်တယ်...။
ချစ်သူရေ
မင်းဘယ်နေရာရောက်နေပါစေ
ကိုယ့်နှလုံးသားက မင်းကို
နီးနီးလေး မြင်နေရတယ်...။
ရေမြေခြားနေပါစေ
မင်းလေးရောက်လေရာမှာ
ကိုယ့်နှလုံးသားလေးက
မင်းကို
ဆီးကြိုနေမှာမို့
မင်းလေး ဘယ်တော့မှ
တစ်ယောက်ထဲ ဖြစ်နေမှာ
မဟုတ်ပါဘူးကွယ်...။
*****Nobel F2*****
No comments:
Post a Comment