Tuesday, 21 April 2015

ဒီဇင်​ဘာ

တချိန်တုန်းက အတူရှာခဲ့တဲ့
ကြည်နူးခြင်းတွေ...
ချစ်သူရေ ငါလွမ်းတယ်...

ဟုတ်တယ်
နှင်းတွေတောင် အရင်လိုမဝေတော့ဘူး
ချစ်သူ...
ချမ်းအေးတာတော့ အေးနေတုန်းပဲ...

ဆောင်းသီချင်းတွေတောင်
အရင်လို မသာယာတော့ဘူးချစ်သူ
ငိုချင်းလိုပဲ ငါဆိုညီးနေတုန်းပဲ...

ဆောင်းပုံရိပ်တွေမှာ
အရင်လိုနှစ်ယောက်မဟုတ်တော့ဘူးချစ်သူ
(မင်း)ခြေနင်းရာတော့ နောက်ထင်ကျန်တုန်းပဲချစ်သူ...

ကွယ်ပျောက်သွားတဲ့ ဆောင်းနှင်းတွေနောက်
ဒီမျက်ရည်ပေါက်တွေ
ပုန်းကွယ်ပျောက်မနေနိုင်တာ
ဘာ့ကြောင့်လဲ...

*****Nobel F2*****

No comments:

Post a Comment