ပန်းတစ်ပွင့်ကို
ပိုင်ဆိုင်ရဖို့
ကျွန်တော် ဆွတ်ခူးလိုက်တယ်
အဆင်းလှသလို
ရနံ့မွှေးကြိုင်တာကိုး...
ပန်းကလေးခမျာ
တစ်နေ့ပြီးတစ်နေ့
ကျွန်တော့ရင်ခွင်မှာ
အဆင်းအရောင်ညှိုးလာသလို
ရနံ့ပြယ်သွားရှာတယ်...
ဘာကြောင့်ပါလဲ...
တကယ်တော့ ပန်းဆိုတာ
သူ့နေရာနဲ့သူမှ တင့်တယ်တာမလား...
...
...
သတိ—
သင့်အတ္တကြောင့်
တစ်ပါးသူဘဝမဆုံးပါစေနှင့်...
#EvEr2SmiLe
No comments:
Post a Comment