Sunday, 19 April 2015

*****နေသာမယ့်နေ့*****

အသိစိတ်ကိုမျို

မသိစိတ်မှာ ဖိုနေလည်း

ပြိုလာမယ့်ကမ်း

မစိုခင် လှမ်းတားလို့

ကြမ်းတမ်းတဲ့လမ်းမှာ

လက်မကမ်းချင်မိ...။

ဖမ်းမယ့်လက်ကိုရုတ်

ဆုပ်မယ့်လက်ကိုခွာ

သူနာကျင်မှာ

မလိုချင်တာ အမှန်ပါ...။

ခိုင်မာမယ့်နေ့

သေချာမယ့်နေ့

ရှာဖွေလို့ တွေ့ခဲ့ရင်

အကြင်နာမည်သည်ကို

စီကာကုံးလို့

အပြုံးတို့မည်သည်ကို

အမုန်းမဲ့စေလွှတ်ရင်း

နေသာမယ့်နေ့မှာ

ကြိုကာနေစေချင်မိ...။

*****Nobel F2*****

No comments:

Post a Comment