သူဌေးမျက်နှာလိုမျက်နှာရ လုပ်လို၍
လုပ်ဖော်ကိုင်ဖက်များကို အပုပ်ချပြောတတ်သောသူနှင့် ကင်းဝေးရလိုပါ၏...
ပုဇွန်ဆိတ်အသိလေးရှိရုံမျှနှင့် လူတွင်ကျယ်လုပ်တတ်သူနှင့် ကင်းဝေးရလိုပါ၏...
မရှိတာကိုအရှိလုပ် မသိတာကို သိသယောင်လုပ်ပြီး ဟောင်ဖွာဟောင်ဖွာပြောတတ်သူနှင့်ကင်းဝေးရလိုပါ၏...
ကိုယ်တိုင်က အမှားပေါင်း သောင်းခြောက်ထောင်နှင့် တစ်ပါးသူကို အပြစ်ရှာတတ်သူနှင့် ကင်းဝေးရလိုပါ၏...
အလုပ်နှင့်မသက်ဆိုင်သော ကိစ္စရပ်များကို အလုပ်ခွင်သို့သယ်ဆောင်လာပြီး
စိတ်ညစ်စေတတ်သူနှင့် ကင်းဝေးရလိုပါ၏...
စိတ်ဓါတ်ယုတ်ညံ့ပုပ်ပွဆွေးမြှေ့နေသူနှင့် အလုပ်အတူလုပ်ခွင့် နောက်နောင်အနာဂါတ်တွင်
အစဉ် ကင်းဝေးရလိုပါ၏...။
*****Nobel F2*****
No comments:
Post a Comment