ချစ်သူ ကိုယ့်အချစ်က
ပေးဆပ်ခြင်းပါ
ဒါကို မင်းကလမ်းဘေးဆိုင်တိုင်းမှာ ဈေးပေါပေါနဲ့ ရနိုင်တယ်လို့
တလွှဲထင်နေတာကိုး...။
ကို့အချစ်က အဖြူရောင်လေးပါ
ဒါကို မင်းက
ထုံးလိုသဘောထားပြီး
ကွမ်းယာထဲထည့်တယ်...
ကွမ်းရွက်လိုစိမ်းကားပြီး
ကွမ်းသီးလိုမာတဲ့အသဲနဲ့
တမြုံ့မြုံ့ဝါးလိုက်တယ်
ဒါဏ်ရာအလူးလူး
သွေးအလိပ်လိပ်နဲ့ ကို့အချစ်တွေကို
ဗြစ်ကနဲ့ထွေးထုတ်
ဖွတ်ကနဲ့နင်းခြေသွားတယ်...
ချစ်သူရယ်
ထွေးပြီးတဲ့တံတွေး ပြန်မြိုချရိုးထုံးစံမှမရှိတာပဲ
အစိတ်စိတ်ကျေမွသွားတဲ့
ကို့နှလုံးသားကို
ဘယ်သူလာပြီးကောက်ယူချင်မှာတဲ့လဲ...။
*****Nobel F2*****
PS: တစ်နေ့တာအတွက် တစ်ချက်တော့ပြုံးကြနော... ခ်ခ်
Photo credit: ရင်ကွဲပက်လက်လမ်းဆုံ
No comments:
Post a Comment