Sunday, 19 April 2015

*****မျှော်လင့်ရင်းနဲ့ မျှော်လင့်ရင်း....*****

လေပြေလေးတစ်ကွက်
ယိမ်းနွဲ့ပြီးလာတယ်
ငါ့အတွက် ကဗျာလေးတစ်ပုဒ်
သယ်ဆောင်လာမလားပေါ့...
ရုတ်တရက်
လေမုန်တိုင်း အသွင်ပြောင်းပြီး
"ဖြန်း" ကနဲ့ပါးလာရိုက်တယ်
အော်... ဘဝပဲလေး...။

ရေလှိုင်းလေး တစ်ပွက်
တိုးဝှေ့တက်လာတယ်
ငါ့အတွက်
သံစဉ်လေးတစ်ခွက်
သယ်ဆောင်လာမလားပေါ့
ရုတ်တရက်
လှိုင်းလုံးကြီးအသွင်ပြောင်းပြီး
"ခွပ်" ကနဲ့
မျက်ခွက်လာမှန်တယ်
အော်... ဖြစ်တတ်ပါတယ်လေး....။

မျှော်လင့်ခြင်းဆိုတာ
လက်တွေ့မပါပေမယ့်လေ
ငါ......
မျှော်နေရဦးမယ်
သေချာတာတစ်ခုများ
လာလေမလားပေါ့...။

*****Nobel F2*****

No comments:

Post a Comment