မင်းကို
ဘယ်လိုကြည့်ကြည့်
လှနေတာပဲကွာ...
ငါတို့တစ်တွေတော့
ဘယ်လိုနေနေ
အဆင်ကိုမပြေဘူး...။
မင်းကို
ဘယ်အချိန်မှာပဲမြင်မြင်
အေးချမ်းလွန်းပါတယ်ကွာ
ငါတို့ တစ်တွေမှာတော့
အချိန်တိုင်းလိုလို
ပူလောင်မွန်းကြပ်နေရတယ်။
မင်းက
ဘယ်နေရာမှာပဲဖြစ်ဖြစ်
သာယာနေတယ်ကွား
ငါတို့တစ်တွေမှာတော့
နေရာတိုင်းမှာ
မည်းမှောင်ခြောက်သွေ့နေတယ်။
မင်းမတရားဘူး...
ဟုတ်တယ်
မင်းနဲ့အတူ
ငါတို့အချင်းချင်းမှာလည်း
တရားတာမရှိဘူး...။
*****Nobel F2*****
No comments:
Post a Comment