ညအမှောင်က ငါ့ကို
ဟားတိုက်နေတယ်
အာရုံဦးက ခါးသက်နေပြန်ရော...
မထူးပါဘူး ဆိုပြီး
အခန်းပြင်ထွက်တော့
မုန်တိုင်းက ငါ့ကို လာကြိုတယ်
လေပြေညင်းက
မျက်စောင်းနဲ့တောင်
ကြည့်မသွားရှာဘူး...
မုန်တိုင်းထဲလည်းသွားတယ်ကွား
ဆိုပြန်တော့
နေပူရှိန်က လက်တွဲခေါ်တယ်
ခိုစရာအရိပ်က
ပျောက်ချက်သားကောင်းလို့...
အပူဒါဏ်ကြောင့်
ရေချိုတစ်ခွက်ရှာတယ်
ကွဲအက်ကြောင်းတွေနဲ့
မြေပြင်မှာ
မိုးတစ်ပေါက်တောင်
အလည်မလာဘူး...
ဒါဏ်ရာတွေနဲ့
ခြေဖ၀ါးကိုမှ အားမနာ
မြေပြင်က ဆူးငြောင့်ခလုတ်တွေနဲ့
ဗုန်းကနဲ့ လဲကျ
ကုန်းကွပြီးသွားမယ်လုပ်တော့
ညအမှောင်က "မင်္ဂလာပါ" တဲ့...
အော်...
ဘ၀အဓိပါယ်ဆိုတာ ငါ...
ပုံဖော်ရေးဆွဲလို့
မရတဲ့
ပန်းချီကား တစ်ချပ်ပါပဲလား...
#EvEr2SmiLe
No comments:
Post a Comment