Saturday, 25 April 2015

ကြည့်​မှန်

ကောင်မလေး...
ဒီနေ့ ချစ်သူများနေ့နော
ကိုယ့်ကိုယ်ကိုကြည့်မှန်တစ်ချပ်အနေနဲ့
မင်းကို လက်ဆောင်ပေးချင်တယ်...

မင်းလေး အရမ်းကို
ကြေကွဲဝမ်းနည်းတဲ့အခါ
မှန်ကိုကြည့်လိုက်ပါ
မင်းလေးကို အားပေးနှစ်သိမ့်မယ့်
လူတစ်ယောက်တွေ့လိမ့်မယ်...

မင်းလေး အခက်အခဲအတားအဆီးတွေ
ရင်ဆိုင်ရတဲ့အခါ
မှန်လေးကိုကြည့်လိုက်ပါ
မင်းလေးနဲ့အတူ
အရာရာကိုရင်ဆိုင်မယ့် တစ်ယောက်တည်းသောသူကို
တွေ့ရလိမ့်မယ်...

မင်းလေးပျော်ရွှင်ကြည်နူးတဲ့အခါ
မှန်ကိုကြည့်လိုက်ပါ
မင်းလေးနဲ့အတူ
ဝမ်းသာမျက်ရည်စို့နေမယ့်သူကို
တွေ့ရလိမ့်မယ်...

မင်းလေး စိတ်ဓါတ်တွေကျလို့
ကိုယ့်ကိုကို ထိခိုက်နစ်နာအောင်
လုပ်မိတော့မယ်ဆို
မှန်ကိုကြည့်လိုက်ပါ
မှန်လေး ကြေကွဲဝမ်းနည်း
ငိုကြွေးနေရလိမ့်မယ်...

#EvEr2SmiLe

No comments:

Post a Comment