၂၀၁၃ ရေ . . . .
ငါ တို့ မ မျှော်လင့် ပဲဆုံခဲ့ကြတယ်
ဒါပေမယ့်. . . .
နင် ဟာ
ငါ့ အတွက်(တချို့လူတွေ ပြောသလို)
Unlucky Number ပါပဲ။
၂၀၁၃ ရေ. . . .
မင်း ရဲ့ ရက်စွဲတွေ မှာ
ငါအိပ်မရ တဲ့ နေ့ များစွာ
မျှော်လင့် ချက် မဲ့ နေ့ တွေကြားမှာ
ငါ. . ရှိတော့ ရှိတယ် . . . အရှိမဲ့
ငါ. . ပြုံးတော့ ပြုံးတယ်. . အသက်မဲ့
ငါ့ စကားလုံး တွေလဲ
အဓိပါယ်မဲ့ နေခဲ့ရ တာပါပဲ။
ခုတော့ ၂၀၁၃ ရေ. . .
ငါလဲ ယဲ့ယဲ့လေး ကျန်တော့မှ
မင်းလဲ တာဝန်ကျေ ခဲ့ပြီပဲ။
ဒါပေမယ့် လဲလေ ၂၀၁၃ ရေ
တချို့ တချို့ တွေအတွက်
ငါ မင်းကိုလက်ဆွဲ နှုတ်ဆက်ခဲ့ပါရ စေ။
မင်း လွတ်လပ်သွားပြီပဲ
သွားပါ. . .
ပြန်မလာချင် လဲနေပါ။
၂၀၁၃ ရေ . . .
အရာရာအတွက်
ကျေးဇူးကမ္ဘာ ပါ
ငါ မင်းကို
နာကျင်ခြင်းတွေနဲ့
အမြဲ အမှတ် ရ နေ မှာပါ။ ။ ။
M.L.Pann